မူရတ်ကျင့်ဝတ်စည်းမျဉ်း
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်စဉ်က ရရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက် မြောက်များစွာအပေါ် အခြေခံ၍ မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) မူကြမ်းကို နှံ့စပ်သေချာစွာ ပြန်လည်စိစစ် သုံးသပ်မှုများနှင့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပြင်ဆင်ချက်မူကြမ်းများ နှင့်ပတ်သက်၍ အသက်ရှင်ကျန်ရစ်သူများနှင့် အခြားကျွမ်းကျင် ပညာရှင်များထံမှ စာဖြင့်ရေးသားထားသည့် ပြန်လည်စိစစ် သုံးသပ်ချက်များကို ရယူခြင်းဖြင့်လည်းကောင်း၊ ၎င်းတို့နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လည်းကောင်း အဆိုပါ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ရလဒ်အနေဖြင့် “လက်တွေ့ကျင့်သုံးနိုင်သော” မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) ထွက်ပေါ်လာခဲ့ပြီး ၎င်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“လက်တွေ့ကျင့်သုံးနိုင်သည့်” မူရတ်ကျင့်ဝတ်စည်းမျဉ်း (“စနစ်တကျကျူးလွန်သည့်ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်သည့်အချက်အလက်များကောက်ယူခြင်းနှင့်အသုံးပြုခြင်းဆိုင်ရာနိုင်ငံတကာကျင့်ဝတ်စည်းမျဉ်းများ (SCRSV)” မြန်မာဘာသာကိုအောက်တွင်ဖော်ပြထားပါသည်။ဤကျင့်ဝတ်စည်းမျဉ်းသည်မွန်းမံဆဲစာတမ်းတစ်ခုဖြစ်ပြီး SCRSV နှင့်ပတ်သက်သောအချက်အလက်များကိုလုံခြုံမှု၊ထိရောက်မှုနှင့်ကျင့်ဝတ်နှင့်ကိုက်ညီမှုရှိစွာရယူစုဆောင်းခြင်းနှင့်ပတ်သက်သည့်အနိမ့်ဆုံးစံနှုန်းများကိုအမြဲထင်ဟပ်မှုရှိစေရန်ပုံမှန်ပြန်လည်စိစစ်သုံးသပ်မှုများပြုလုပ်သွားမည်ဖြစ်သည်။